Saturday, September 20, 2008

ရန်ကုန်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာပိုင်တို့ ဆွေးနွေးမည်ဟု သတင်းပျံ့ လုံခြုံရေး တိုးမြှင့်ထား သတင်း - မိုးမခ (စက်တင်ဘာ ၁၈၊ ၂၀၀၈) ယနေ့ထုတ် ဂျာနယ်များ

ားရန်ကုန်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာပိုင်တို့ ဆွေးနွေးမည်ဟု သတင်းပျံ့
လုံခြုံရေး တိုးမြှင့်ထ

သတင်း - မိုးမခ (စက်တင်ဘာ ၁၈၊ ၂၀၀၈)
ယနေ့ထုတ် ဂျာနယ်များ (မြန်မာတိုင်းမ်နှင့် ဘိုင်ဝိကလီး)တွင် မျက်နှာဖုံးနှင့် အချပ်ပိုများဖြင့် ဒေါ်အောင်ဆန်းစု ကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ စက်တင်ဘာ ၁၉ နောက်ပိုင်း တွေ့ကြမည်ဟု သတင်းလုပ် ထားသည်ကို တွေ့ရသည်။ ကနဦးက စက်တင်ဘာ ၁၅ တွင် စီစဉ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကြောင့် ရက်ရွှေ့ခဲ့ရကြောင်း၊ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းကတဆင့် ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုခဲ့သည်ဟု ဖော်ပြထားသည်။

ရန်ကုန်မြို့နေ လူထုက နိုင်ငံရေးအကြပ်အတည်းကြီးတွင် တစုံတရာ ပြေလည်မည်လားဟု မျှော်လင့်နေကြ သော်လည်း အစိုးရက လုံခြုံရေးကို ယခင်ကထက် တိုးမြှင့်လာသဖြင့် စိုးရိမ်ပူပန်မှုများက ပိုပြီးတိုးပွားလာနေ သည်ဟု ဆိုသည်။ ပြည်ပက အတိုက်အခံ သတင်းဝက်ဆိုက်ကြီးများ ယမန်နေ့က အင်တာနက်တိုက်ခိုက် မှု ခံရချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် အချို့အင်တာနက်လိုင်းများ ရန်ကုန်တွင် ပြတ်တောက်နေခဲ့သည်။ အချို့က စက်တင်ဘာ ၁၇ ရက်နေ့သည် ၂၀၀၇ သံဃာတော်များ သပိတ်မှောက်တပ်လှန့်ခဲ့သည့် နှစ်ပတ်လည်နေ့ ဖြစ်၍ဟု ထင်ကြေးပေးကြသည်။

ယမန်နေ့ည ၁၀ နာရီကတည်းက ရန်ကုန်မြို့ထဲသို့ ၀င်ရောက်သည့် ခရီးသည်တင်ကားများကို လုံထိန်းများ၊ ရဲများက တင်းကြပ်စွာ အသေးစိတ် စစ်ဆေးခဲ့သည်။ စစ်ဆေးရေး ချက်ပွိုင့်များတွင် အရပ်ဝတ်များနှင့် မီးသတ်ဝတ်များ အပါအ၀င် ဦးရေ ၅၀ ကျော်ရှိသည်။ ကမ္ဘာအေး ကုက္ကိုင်း မှတ်တိုင်၊ မြောက်ဥက္ကလာက ဆူးလေဖက်အ၀င် ကားမှတ်တိုင်များ၊ န၀ဒေး မှတ်တိုင်တို့တွင် အထူးတင်းကြပ်သည်။ သွပ်ဆူးကြိုးများ အထပ်ထပ်ချပြီး ပိတ်ဆို့စစ်ဆေးခြင်း ဖြစ်သည်ဟု မျက်မြင်များက ပြောသည်။

ညအိပ်ညနေ အလုပ်သမားများကို မိသားစုများက အလုပ်မသွားရန် တားမြစ်နေကြကြောင်း၊ မိဘများ ဇနီး ခင်ပွန်း သားသမီးများက မိသားစုဝင်များ အိမ်မပြန်၊ ရုံးမရောက်ဘဲ လမ်းမှာ ပျောက်ဆုံးမည်ကို အထူးစိုး ရိမ်နေကြရကြောင်း၊ ရပ်ကွက်တွင်း ဧည့်စာရင်း စစ်ဆေးရာတွင် ရပ်ကွက်တွင်း မမြင်ဘူးသည့် တစိမ်း အရပ် ၀တ်များ၊ ယူနီဖောင်းဝတ်များက အိမ်အတွင်း ၀င်ရောက် ကျုးကျော်စစ်ဆေးနေခြင်းကို ခေါင်းငုံ့ခံနေရ ကြောင်း၊ ဝေသာလီပြည် ဘီလူးဝင်စီးသလိုမျိုးလားဟု ထင်မြင်မိကြောင်း သတင်းပို့သူတို့က ပြောသည်။ သည် တခေါက် ရွတ်ရမည့်ပရိတ်မှာ မေတ္တာသုတ်မဟုတ် ရတနာ့သုတ်ဟုထင်ကြောင်း အချင်းချင်း လက်တို့နေကြ သည်ဟု ဆိုသည်။

တိုင်းရင်းသားမိသားစု အိုးအိမ်များ၊ ရပ်ကွက်များကိုလည်း အထူးပစ်မှတ်ထား စောင့်ကြည့်ခြင်း၊ စစ်ဆေးခြင်း တို့ ပြုလုပ်နေသည်ကို တွေ့ရသည်။ အထူးသဖြင့် ဗုံးပေါက်ကွဲမှုများအတွက် ကရင်အမျိုးသား မိသားစုများကို ပစ်မှတ်ထားခြင်း၊ သံဃာနှင့် လူထုအုံကြွမှုများအတွက် အသံထွက်နေသည့် ရခိုင်အမျိုးသား မိသားစုများကို ပစ်မှတ်ထားခြင်းတို့ကို ပြုလုပ်နေသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်သူ လူငယ်အဖွဲ့က မိုးမခကို ပြောကြား ခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ လူငယ်များ၊ ပြည်သူလူထု အစုအဝေးများကလည်း ရဲများ လုံထိန်းများအနီးတွင် ၀ိုင်းဝန်းစောင့်ကြည့်နေခြင်း၊ တစုံတရာ အဓိကရုန်းဖြစ်လာပါက တခုခုလှုပ်ရှားမည့် အရိပ်အယောင်များနှင့် တုန့်ပြန်ခြင်းတို့ကို တွေ့နေရသဖြင့် စစ်အာဏာပိုင်များ ဖြစ်စေချင်သလို လူထုက ငြိမ်နေမည့် ပုံစံတော့မရှိဟု မျက်မြင်တချို့က မိုးမခသို့ သုံးသပ်ပြသည်။

No comments: