Saturday, 30 August 2008
Thursday, 28 August 2008
နောက်ဆုံးရသတင်း (သို့)ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ တောင်းဆိုချက် (၂) ချက်

အဆိုပါ ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုချက် (၂) ချက်မှာ
၁။ အင်တာနက် တပ်ဆင် အသုံးပြုခွင့်နှင့်
၂။ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း၊ ရှေ့နေ ဦးကြည်ဝင်း တို့ဖြင့် တွေ့ဆုံခွင့် စသည့် အချက် (၂) ချက်ကို တောင်းဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။
နောက်ထပ် သိရသော အချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်မှု ကိစ္စများကို ကူညီလုပ်ကိုင်ပေးနေသော ဒေါ်ခင်ခင်ဝင်းနှင့် အခြားအဖေါ်၏ လွတ်လပ်ခွင့်များကိုလည်း နအဖ အနေဖြင့် အခုနောက်ပိုင်းရက်များတွင် ချုပ်ခြယ်မှု ပိုမို များပြားလားခြင်း ခံရသည့် အချက်အပေါ်လည်း ဒေါ်အောင်ဆန်းစုကြည်နေဖြင့် ကျေနပ်နှစ်သက်ခြင်းမရှိ ဟူ၍လည်း သိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက် (၂) ချက်တွင် ဒုတိယ တောင်းဆိုချက်ဖြစ်သော ဒေါက်တာ တင်မျိုးဝင်းနှင့် ရှေ့နေ ဦးကြည်ဝင်း တို့ဖြင့် တွေ့ဆုံခွင့်ကို လိုက်လျောပေးလိုက်သော်လည်း ပထမ အချက်ဖြစ်သည့် အင်တာနက် တပ်ဆင် အသုံးပြုခွင့်ကို ခွင့်မပြုသေးသောကြောင့် (၇) ရက်လျှင် တစ်ခါ ပေးပို့ရသော အစားအသောက်များကို လက်ခံရမည့် ၂၀၀၈ ခုနှစ် သြဂုတ်လ (၂၂) နေ့တွင် အစားအသောက်များကို ပို့ပေးနိုင်ခြင်း မရှိကြောင်း သိရှိရပါသည်။
ဒီနေ့ ၂၀၀၈ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့သည် နောက်ထပ် (၇) ရက် မြောက်သော နေ့ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစားအသောက်များကို လက်မခံဘဲ ငြင်းဆိုထားသည်မှာ (၂)ပတ်တိတိ ပြည့်မြောက်သွားပြီ ဖြစ်သည်။
ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစာအငတ်ခံ ဆန္ဒပြ၊ မပြဆိုတာကို သေချာ မသိနိုင်သေးသော်လည်း အစားအသောက် ပေးပို့ခြင်းကို လက်မခံသည်မှာ (၂) ပတ်ရှိနေပြီ ဖြစ်ကြောင်း သိရပါသည်။
ကိုထိုက်
No comments:
Post a Comment